Manaung Township

Manaung (Burmese: မာန်အောင်မြို့နယ်) သည် မြန်မာနိုင်ငံအနောက်ပိုင်ႊ ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်တွင်တည်ရှိသောမြို့နယ်တစ်ခုဖြစ်ပါသည်။ရုံးစိုက်ရာမြို့မှာမာန်​အောင်ဖြစ်ပါသည်။မာန်အောင်မြို့နယ်တည်ရှိသောမာန်အောင်ကျွန်းတွင်း ကျွန်း ၃ ကျွန်းပါ၀င်ပါသည်။ ၄င်းတို့မှာ မာန်အောင်ကျွန်း, ရဲကျွန်း နှင့် တိုက်ကျွန်းတို့ဖြစ်ကြပါသည်။ မာန်အောင်သည် ကျောက်ဖြူခရိုင်မှ မြို့နယ်တစ်ခုဖြစ်ရုံသာမက ရခိုင်ပြည်နယ်ရှိ ဒုတိယအကြီးဆုံးကျွန်း ဖြစ်ပါသည်။

Manaung Township
မာန်အောင်မြို့နယ်
Location in Kyaukphyu district
Country Burma
StateRakhine State
DistrictKyaukpyu District
Time zoneUTC+6:30 (MST)

အနောက်မြောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အရှေ့မြောက်ဘက်တွင် ရမ်းဗြဲကျွန်း၊ တောင်ဘက်တွင် ရဲကျွန်းနှင့် အရှေ့ဘက်တွင်တောင်ကုတ်မြို့နယ်တို့ အသီးသီးတည်ရှိကြပါသည်။ ကျွန်းပတ်လည်အရှည် ၅၅ မိုင်တည်ရှိသော မာန်အောင်ကျွန်းသည် တည်နေရာအားဖြင့်18'47 (898'N) နှင့် 93'98 (472'E) အနောက်ဘက်ရခိုင်ကမ်းရိုးတန်းတွင်တည်ရှိပါသည်။

ကျွန်း၏အမြင့်ဆုံးတောင်သည် ၉၇၂ပေ (၂၉၆မီတာ)ရှိပြီး အနိမ့်ဆုံးအပိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ၆ပေ(၁.၈မီတာ)ခန့် ရှိသည်။ မာန်အောင်မြို့နယ်သည် စတုရန်းဧရိယာ၂၀၂.၀၅ မိုင်(ဧရိယာ၁၂၀၃၀၉)ကျယ်ဝန်းပါသည်။၂၀၀၇ အောက်တိုဘာ ၃ မှတ်တမ်းအရ မြို့နယ်လူဦးရေမှာ ၉၅၉၂၇ ဖြစ်ပါသည်။

မာန်အောင်မြို့နယ်တွင် ရွာကြီး ၅ ရွာဖြင့်အုပ်စုခွဲထားသော ရွာငယ် ၁၃၈ ရွာရှိပါသည်။

မာန်အောင်မြို့နယ်တွင် ရခိုင် ၉၄၇၂၄ ယောက်၊ ချင်း ၉၃၇ ယောက်၊ မြို ၃ ယောက် ၊ခမီး ၂ယောက်၊ ဗမာ ၂၃၆ ယောက် ၊ဒိုင်းန ၂ ယောက်၊ သက် ၁ ယောက်၊ ကရင် ၂၄ ယောက်၊ ကယား ၂ ယောက် နှင့် ရှမ်း ၆ ယောက် ရှိပါသည်။ ထုံးတမ်းစဥ်လာယုံကြည်မှုအရ ကိုးကွယ်ယုံကြည်မှုများလည်းရှိကြပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ စေတီ ၆၃ ဆူနှင့် ဘုရားပေါင်း ၂၇ ဆူရှိပါသည်။ခန့်မှန်းခြေ သံဃာတော် ၂၀၀ပါး ၊ကိုရင် ၂၅၀ပါး နှင့် မယ်သီလရှင် ၂၅ ပါး ခန့်ရှိသည်။

မြို့နယ် အားကစားကွင်းတစ်ခုလည်းရှိသည်။ နိုင်ငံကျော်အနုပညာရှင် နေတိုး၏ မွေးရပ်မြေဖြစ်ပြီး လှပသောကမ်းခြေ ဖော်ရွေသောဒေသခံများရှိခြင်းနှင့် အခြားအကြောင်းရင်းများကြောင့်လူသိများသော ကျွန်းတစ်ကျွန်းဖြစ်ပါသည်။

ပညာရေး

There are အထက်တန်းကျောင်း ၇ ကျောင်း၊ အလယ်တန်းကျောင်း ၁၁ ကျောင်းနှင့် မူလတန်းကျောင်း ၁၀၆ ကျောင်းရှိပါသည်။မူကြိုကျောင်း ၁ ကျောင်းနှင့် စာကြည့်တိုက် ၁၂၇ ခုရှိပါသည်။

List of Township Administrators

  • U Tin Than 18-9-1988 to 19-11-1991
  • U Mya Than 19-11-1991 to 7-11-1992
  • U Maung Than 7-11-1992 to 12-8-1993
  • U Oo tun Aung 12-8-1993 to 3-7-1998
  • U Han Soe 3-7-1998 to 15-9-1998
  • U Sai Maung Nyi 15-9-1998 to 14-1-1999
  • U Pot (aka) Thar Moe 14-1-1999 to 7-11-2001
  • U Tun San Win 7-11-2001 to 25-7-2002
  • U Hla Thein 19-9-2001 to 9-12-2004
  • U Naing Tun 9-12-2004 to 16-8-2007
  • U Nyi Nyi Lwin 16-8-2007 to present

See also

  • Manaung Township Association (Yangon)

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.